united-kingdomcambodiamyanmar

Log in

ခလောင်းတန်အထူးကုဆေးရုံကြီး

ခလောင်းတန်အထူးကုဆေးရုံကြီး

စံချိန်စံနှုန်းမှီ ဆေးပညာရပ်ဆေးကုသပေးခြင်းဖြင့် အထွေထွေရောဂါကုသမှု မွန်မြတ်သောစေတနာအကြံပေး အထူးဝန်ဆောင်မှုပေးနေပါပြီ။ ပြင်ပလူနာ နှင့် အတွင်းလူနာ တို့ကို ကျွမ်းကျင်အထူးကုဆရာဝန် သမားတော်အဖွဲ့တို့ဖြင့် 24 နာရီလုံးမရပ်မနား ကျန်းမာရေးအတွက် အစဉ်စောင့်ရှောက်ပေးလျှက်ရှိပါသည်။ အရည်အသွေးမှီဆေးကုသမှု အသုံးအဆောင် ပစ္စည်းကိရိယာများ နှင့်တကွ ကိုယ်ဝန်ဖျက်ဆေး နှင့် ကိုယ်ဝန်ကို ဆေးသုံးဖျက်ခြင်းနည်း(Medical Abortion Pill)တို့ကို ဆေးရုံကြီးကနေ ကိုယ်ဝန်ကိုဆေးသုံးဖျက်ခြင်း နည်းအကြောင်း ရှင်းလင်းပေးသွားပါမည်ဖြစ်သည်။

ကိုယ်ဝန်ကို ဆေးသုံးဖျက်ခြင်းနည်းသည်(Medical abortion) ဆေးစပ်ပညာရပ်အရ ဤဆေးအစွမ်းသည် ကိုယ်ဝန်ဖျက်စေနိုင်ရန် ပရိုဂျက်စတီရုန်းဟော်မုန်း/Progesterone ကို တားဆီးပေးခြင်းဖြစ်သည်။ (မီဖီဖရစ္စတုန်း /Mifepristone, Ru-486) ဤဆေး၏အစွမ်းသည် ပရိုဂျက်စတီရုန်း၏လက်ခံသူ(Receptor)ကို ချိတ်ပေးနိုင်ခြင်းကြောင့် သားအိမ်မှာ သန္ဓေသား မတည်နိုင်စေဖို့ သားဥ ဖြစ်ပေါ်စေမှုကိုလည်း တားဆီးပေးနိုင်ပါသည်။ ကိုယ်ဝန်ကို ဖျက်နိုင်ခြင်း အကောင်းဆုံးချိန်သည် ကိုယ်ဝန်ချိန်ကာလ 63 ရက်ထက်မကျော် (သို့) 9 ပတ်ထက်မကျော် (နောက်ဆုံးရာသီသွေးဆင်းချိန်၏ ပထမရက်မှစတင်ရေတွက်ခြင်း) ဖြစ်ရပါမည်။ လိင်ဆက်ဆံပြီးနောက်ပိုင်း အရေးပေါ် သန္ဓေတားလိုသည့်အခါမျိုးလည်း ဤဆေးကိုအသုံးပြုလေ့ရှိသည်။

ကိုယ်ဝန်ဖျက်ဆေးအသုံးပြုရာမှာ တားဆီးချက်များကို အောက်ပါအတိုင်းဖြစ်သည်။

  1. Mifepristone (သို့) Misoprostol ဆေးမတည့်ခြင်း
  2. သွေးခဲဆန့်ကျင်ဆေးမျိုး သောက်သုံးနေခြင်း
  3. သွေးရောဂါမျိုး သွေးအားနည်း အားပျော့သူ
  4. ကိုယ်ဝန်ဆောင်နေ၍ကိုယ်ဝန်တားပစ္စည်းထည့်ထားသူ
  5. ကျောက်ကပ် (သို့) အသည်းရောဂါရှိသူ
  6. သားအိမ်ပြင်ပသန္ဓေတည်ခြင်း
  7. စိတ်ရောဂါဆိုင်ရာပုံမှန်မရှိသူ

ဆေးဝါးသုံးစွဲခြင်း နှင့် ဆေးဝါးမိတ်ဆက်ပေးခြင်း အချက်အလက်အကြောင်းအရာများကို လှိုက်လှဲစွာအကြံပေးနေပါသည်။ နေ့စဉ်အလုပ်ချိန် 7.00 မှ 18.00 နာရီထိ ဖုန်းဖြင့်ဆက်သွယ်လာနိုင်ပါသည်။

အကယ်၍ လစေ့နှင့်တကွ ရာသီမလာဖြစ်နေပါက ရာသီပုံမှန်လာသည့်ဆေးမျိုးသုံးပေးရပါသည်။ အကယ်၍ လိင်ဆက်ဆံနေချိန် ကွန်ဒုံးမစွပ်လိုက်ရသဖြင့် (သို့) ကွန်ဒုံးသားရေစွပ်မလုံလို့ ပေါက်၍ဖြစ်စေ သုက်ပိုးကောင်ရည်စီးဆင်း ဝင်ရောက်သွားနိုင်သောကြောင့် ကိုယ်ဝန်ရှိလာနိုင်ပါသည်။ သို့သော် ဆေးပညာရပ်အရ လိင်ဆက်ဆံပြီးနောက် 7 ရက်အတွင်း ကိုယ်ဝန်သန္ဓေတားလို့ရနိုင်သည့် သောက်ဆေးကို မီးယပ်ရောဂါကုပညာတွင်သာ ရှိပါသည်။

ဝန်ဆောင်မှုခံယူခြင်းအဆင့်ဆင့်

  1. မှတ်ပုံတင်ခြင်း မှတ်တမ်းတင်၍ (ခလောင်းတန်းဆေးရုံကြီးသည် ဆေးရုံကျင့်ဝတ်တရားအရ ဆေးကုသမှု မှတ်တမ်းကို ခိုင်လုံစွာ လျှို့ဝှက်သိမ်းထားပေးပါသည်။) အကယ်၍ အသက် 18 နှစ်အောက်ရှိသူအတွက် အုပ်ထိန်းသူ နှင့်တကွ လာပေးရန် လိုအပ်ပါမည်။
  2. ကိုယ်ဝန်ဆောင်စစ်ဆေးပေးခြင်း
  3. ကိုယ်ဝန်တားသည့်ဆေးလက်ခံယူခြင်း

ကုသခမှာ : 2,500 ဘတ်

မှတ်ချက် :

  1. အကယ်၍ လိင်ဆက်ဆံ 7 ရက်ထက်ကျော်သည်ဖြစ်ပါက ကိုယ်ဝန်တားသည့်ဆေးကို သောက်လို့မရနိုင်ပါ။ အခမဲ့ ဆရာဝန်နဲ့ တိုင်ပင်လုပ်လို့ရနိုင်ပါသည်။
  2. အကယ်၍ ဆေးသောက်ပြီး ကိုယ်ဝန်ရှိနေပါကလည်း ခလောင်းတန်းဆေးရုံသို့ ဆက်သွယ်လာပေးပါ။ ဆေးရုံဘက်က သင့်ကိုအခမဲ့ လှိုက်လှဲစွာစောင့်ရှောက် ဝန်ဆောင်မှုပေးသွားပါမည်။ ဆက်သွယ်ရန်ဖုန်း   02-3192101-5 နှင့် 172, 151 အထိ။
Read more...
Subscribe to this RSS feed

Log in or Sign up